ဂါဘွန်တွင် အာဏာသိမ်းရန် ကြိုးစားခဲ့သည့် သံသယရှိသူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်

ဓာတ်ပုံ - AFP
ဗဟိုအာဖရိက ဂါဘွန်နိုင်ငံရဲ့ မအောင်မြင်တဲ့  အာဏာသိမ်းမှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သံသယရှိသူနှစ်ဦးကို သတ်ဖြတ်ပြီး တခြားသူတွေကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၇ ရက်နေ့မှာ ပြောပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့ အစောပိုင်းက အာဏာသိမ်းဖို့ ကြံစည်သူတွေဟာ အမျိုးသား ရေဒီယိုအသံလွှင့်ရုံကို ထိန်းချုပ်ပြီးနောက် သမ္မတ အလီဘွန်ဂိုဟာ ရာထူးနဲ့ မသင့်တော်ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲဒီ အာဏာသိမ်း ကြံစည်သူတွေထဲက ၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဒေသခံတွေကတော့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တယ်လို့ ပြောပါတယ်။

More News
Up