အက်ဖ်အေဖလား စတုတ္ထအဆင့်တွင် အာဆင်နယ်နှင့် မန်ယူ ထိပ်တိုက်တွေ့

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက ရှက်ဖီးဝက်စ်နက်ဒေး ဒါမှမဟုတ် လူတန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တခြားပွဲစဉ်တွေမှာ စပါးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး မန်စီးတီးနဲ့ ဘန်လေ၊ ဘရိုက်တန်နဲ့ ဝက်စ်ဘရွန်းတို့ တွေ့ဆုံခဲ့ပါတယ်။ တခြား ပရီးမီးယားလိဂ်အသင်းတွေထဲမှာတော့ ဝက်စ်ဟမ်းက ဝင်ဘယ်လ်ဒန်၊ အဲဗာတန်က မီလ်ဝေါ၊ ဝုဗ်က စတုတ်စီးတီးကို အနိုင်ရမယ်ဆိုရင် ရှရူးဘူရီအသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အက်ဖ်အေဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွေကို လာမယ့် ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အတွင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up