မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံသို့ ရောက်ရှိ

ဓာတ်ပုံ - KCNA via Reuters
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းကို ရောက်ရှိလာတယ်လို့ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ဇန်နဝါရီ ၈ ရက်နေ့မှာ ကြေညာပါတယ်။ မြောက်ကိုရီးယား-တရုတ်နယ်စပ်ကို အထူးရထားဖြတ်သန်းခဲ့တာ မြင်တွေ့ခဲ့ပြီးနောက် ခေါင်းဆောင် ကင်ဂျုံအန်းဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံကို ၄ ရက်တာခရီး သွားရောက်တာ ဖြစ်ပါတယ်။ ဇနီး ရီဆိုဂျူ၊ အကြီးတန်းအရာရှိ အများအပြားနဲ့အတူ ခေါင်းဆောင် ကင်ဂျုံအန်းဟာ ဇန်နဝါရီ ၇ ရက်နေ့က အထူးရထားနဲ့ ထွက်ခွာသွားတယ်လို့ ကေစီအန်အေ သတင်းဌာနက ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ခရီးစဉ်ကို တရုတ် ဆင်ဟွာသတင်းဌာနကလည်း အတည်ပြုပါတယ်။ အခုခရီးစဉ်ကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ အမေရိကန်သမ္မတ ထရမ့်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ အလားအလာနဲ့ ပတ်သက်လို့ ထင်ကြေးတွေ ပိုမိုမြင့်တက်လာဖွယ် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up