Home
မြန်မာသတင်း
ရေးမြို့နယ်တွင် လေပြင်းတိုက်၍ နေအိမ် ၁၅၀ ခန့် ပျက်စီး
နော်နိုရင်း
·
January 8, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာမှာ ဒီကနေ့ မနက် ၇နာရီကျော်လောက်က လေပြင်းတွေ တိုက်ခတ်လို့  အထက်တန်းကျောင်းအပါဝင် လူနေအိမ် ၁၅၀ လောက် ပျက်စီးသွားပါတယ်။ အောက်ဆိပ်ရွာမှာ လူနေအိမ်ခြေ ၅၀၀ ရှိပြီး လေပြင်းတွေ တိုက်ခတ်မှုကြောင့် လူတွေနဲ့ တိရစ္ဆာန်တွေထိခိုက်သေဆုံးမှု အခုချိန်ထိတော့ မသိရသေးပါဘူး။ ဒေသခံတဦးက “လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၅၀ လောက်တော့ ပြိုကျပျက်စီးသွားတယ်လို့သိရတယ်။ နောက်တခုက အိမ်ခြေ ၁၀၀ ကတော့ အမိုးလန်သွားတယ်။  သစ်ပင်တွေလဲတယ်။ လျှပ်စစ်မီးတိုင်တွေလဲတယ်။ အ.ထ.က ကျောင်းမှာရှိတဲ့ ၁၂၀၊ ၃၀ ပေ ကျောင်းဆောင် ၃ ဆောင်၊ အမိုးသွပ် အားလုံးလှန်သွားတယ်။ ” လတ်တလော ရေးမြို့ကယ်ဆယ်ရေးအဖွဲ့တွေကတော့ သဘောဝဘေးဒဏ်ခံလိုက်ရတဲ့ အဲဒီကျေးရွာမှာ လိုအပ်တဲ့အကူအညီတွေပေးဖို့ ထွက်ခွာသွားနေကြပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီဖြစ်တယ်လို့ မိုးဇလဌာနက ဒီမနက်ထုတ်ပြန်ပါတယ်။ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်ဒေသ အတော်များများမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ - ၀င်းနိုင်သက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024