ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကျမ်းသစ္စာကျိန်ဆို

ဓာတ်ပုံ - Reuters
ဘင်္ဂလားဒေ့ရှ် လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ဇန်နဝါရီ ၇ ရက်နေ့က မြို့တော် ဒါကာမှာ တတိယအကြိမ် ဝန်ကြီးချုပ်ရာထူးအတွက် ကျန်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် ဟာစီနာဟာ ပြီးခဲ့တဲ့လတုန်းက အငြင်းပွါးဖွယ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။ ဟာစီနာရဲ့ အာဏာရ မဟာမိတ်ပါတီဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၉၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တာပါ။ အဲဒီရွေးကောက်ပွဲမှာ တကြိမ်ထက်ပို မဲပေးတာတွေ၊ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တာတွေနဲ့ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။ ဟာစီနာနဲ့ သူ့ရဲ့ အဝါမီလိဂ်ပါတီကတော့ အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဟာစီနာနဲ့ တခြား အစိုးရအဖွဲ့ဝင်တွေရဲ့ ကျမ်းသစ္စာဆိုပွဲကို ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူဟာမစ် ဦးဆောင်ပြုလုပ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up