ဝုဗ်ကို ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးပြီး လီဗာပူး အက်ဖ်အေဖလားမှ ထွက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 8 January, 2019
1K
0
Share
0
Comment
0
Likes
VIDEO
အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝုဗ်နဲ့ လီဗာပူးတို့ မနေ့ကယှဉ်ပြိုင်ရာ အိမ်ရှင် ဝုဗ်က ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ဒီပွဲမှာ အဓိက တိုက်စစ်အတွဲဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမီနိုတို့ကို အရန်ခုန်မှာ ထားပြီး အရန်ကစားသမား အများစုနဲ့ ပွဲထွက်ခဲ့ပါတယ်။
အဖွင့်ဂိုးကို အိမ်ရှင် ဝုဗ်အသင်းက ရခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာ တိုက်စစ်မှူး ဂျီမီနက်ဇ်က သွင်းယူပေးခဲ့တာပါ။
ပထမပိုင်းမှာ ဝုဗ်အသင်းက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပွဲချိန် ၅၁ မိနစ်မှာ အိုရီဂီက လီဗာပူးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
ဝုဗ်အတွက် အနိုင်ဂိုးကို ပွဲချိန် ၅၅ မိနစ်မှာ နီဗက်စ်က သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဝုဗ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အက်ဖ်အေဖလား စတုတ္ထအဆင့် တက်ရောက်သွားပါတယ်။
လီဗာပူးအသင်းဟာ ချေပဂိုးရရှိရေး ဆာလက်နဲ့ ဖာမီနိုတို့ကို ထည့်သွင်းခဲ့ပေမယ့် ပွဲအဖြေကို မပြောင်းလဲနိုင်ဘဲ အက်ဖ်အေဖလား တတိယအဆင့်ကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။