သံရုံးတိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးမည်ဟု အမေရိကန်ပြော

လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံးတိုက်ခိုက်မှုဟာ ကြိုတင် စီမံထားတာ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ လစ်ဗျားအရှေ့ပိုင်းမြို့ ဘင်ဂါဇီ (Benghazi) မှာ အမေရိကန် ကောင်စစ်ဝန်ရုံးကို လက်နက်ကိုင် လူတစုက စက်တင်ဘာ ၁၁ ရက်နေ့ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဖင် နဲ့ အရာရှိ ၃ ဦးအပါအ၀င် လစ်ဗျားနိုင်ငံသားအချို့ သေဆုံးသွားခဲ့ ပါတယ်။ [caption id="attachment_30748" align="alignleft" width="300" caption=" လစ်ဗျားမှာ တိုက်ခိုက်ခံခဲ့ရတဲ့ အမေရိကန်သံရုံးအတွင်းပိုင်း (ဓာတ်ပုံ- ရိုက်တာ)"][/caption] အစောပိုင်းက ဒီတိုက်ခိုက်မှုဟာ တမန်တော် မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ ရုပ်ရှင်ကို ကန့်ကွက် ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုတခုဖြစ်တယ်လို့ ယူဆထားကြပါတယ်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း အီဂျစ်နဲ့ လစ်ဗျားတို့ကို သံတမန်တွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က လူတွေကို တရားရုံးတင်နိုင်ဖို့လည်း ဆုံးဖြတ်ထားတဲ့ အကြောင်း ပြောဆိုခဲ့သလို လစ်ဗျား အစိုးရသစ်နဲ့ သဘောတူညီချက်တွေကို အမေရိကန်က ချိုးဖောက်သွား မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လစ်ဗျားသမ္မတနဲ့ အိုးဘားမားတို့ကလည်း တိုက်ခိုက်မှု နောက်ကွယ်က လူတွေကို ဖော်ထုတ် သွားဖို့ ပြောဆိုခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။ အမေရိကန် အရာရှိတွေကို အကာအကွယ်ပေးဖို့ မရိန်း တပ်သား ၅၀ ပါ စစ်သင်္ဘော ၂ စင်း လစ်ဗျား ကမ်းခြေကို ဦးတည်ထွက်ခွာသွားပြီလို့လည်း အမေရိကန် အရာရှိတွေက ဆိုပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အမေရိကန် သံရုံးရှေ့မှာလည်း ထောင်နဲ့ချီတဲ့ လူတွေဟာ တမန်တော် မိုဟာမက်ကို စော်ကားတဲ့ရုပ်ရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အော်ဟစ် မီးရှို့တာတွေ လုပ်တဲ့အတွက် ရဲတွေက မျက်ရည်ယိုဗုံးသုံး ဖြိုခွဲဖို့ ကြိုးစား လုပ်ဆောင်နေပါတယ်။

More News
Up