နယူးဇီလန် ကောင်းကင်ယံမှ တောက်ပသည့်မီးလုံးကြီး ဒေသခံများ စိတ်ဝင်စား (ရုပ်သံ)

နယူးဇီလန်နိုင်ငံ တောင်ရန်ဂါမြို့ခံတွေဟာ တောက်ပတဲ့ မီးလုံးကြီး ကောင်းကင်မှာ ရွေ့ရှားနေတာကို ဇန်နဝါရီ ၅ ရက်နေ့က တွေ့ခဲ့ကြပါတယ်။ မီးလုံးကြီးက ၂ ပိုင်းကွဲပြီး မြို့ရဲ့ကောင်းကင်မှာ ရွေ့ရှားနေလို့ ခရစ်ကက်အားကစားပွဲ တက်နေတဲ့ ဒေသခံတွေ ပွဲစဉ်ကို အာရုံမစိုက်ဘဲ မီးလုံးကို အာရုံစိုက်ခဲ့ကြတာပါ။ ဒေသစံတော်ချိန် ည ၉ နာရီလောက်က ဒီဖြစ်ရပ်ကို မြင်အပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့ မြေပြင်တုန်ခါမှုကို ကြားခဲ့တယ်လို့ လူမှုကွန်ရက်သုံးစွဲသူ ကဲလစ္စ စတော့ထ်က တင်ခဲ့ပါတယ်။ မီးလုံးလိုက်သူလို့ သူ့ကိုယ်သူခေါ်တဲ့ ရာဗီဂျတ်တီယာနီကတော့ မီးလုံးဟာ ရုရှားက လွှတ်တင်လိုက်တဲ့ ကော့စ်မို့စ် ၂၄၃၀ ဂြိုဟ်တုအဟောင်း ဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးပါတယ်။ အချိန်ကြာလို့ ယိုယွင်းလာနိုင်တဲ့ ချိန်သားကိုက်မှုနဲ့ ပြုတ်ကျလာပုံ အာကာဝေဟင် လမ်းကြောင်းအရ ပြုတ်ကျမယ့်အချိန်ကို ပြုတ်မကျခင်တည်းက အတိအကျ ဟောကိန်းထုတ်နိုင်လို့ သေချာပေါက် ဂြိုဟ်တုဟောင်း ပြုတ်ကျတာလို့ တောင်ရန်ဂါ နက္ခတ္တဗေဒအဖွဲ့ဝင် ဒေးဗစ်ဂရပ်ဂ်က ပြောပါတယ်။ “ဒီအလင်းရောင်ဟာ ဂြိုဟ်တုဟုတ်မဟုတ် သေချာပေါက် မပြောနိုင်သေးဘူး။ ဥက္ကာပျံတခုဖြစ်ဖို့ ပိုများတယ်” လို့ အော့ကလန် နက္ခတ္တဗေဒအဖွဲ့ ဥက္ကဋ္ဌ ဘီလ်သောမတ်စ်က ဒေသခံ မီဒီယာကို ပြောပါတယ်။ Aerospace.org အဖွဲ့ကတော့ ရုရှားလုပ် ကော့စ်မို့စ် ၂၄၃၀ ဂြိုဟ်တုဟာ ကမ္ဘာ့လေထုထဲကို ဇန်နဝါရီ ၆ ရက်နေ့မှာ ပြန်ဝင်ရောက်လာမယ်လို့ ဟောကိန်းထုတ်ထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up