အက်ဖ်အေဖလားဆွတ်ခူးရန် မန်ယူတွင် အခွင့်အရေးရှိဟု ဆိုးလ်ရှား ပြော

ဓာတ်ပုံ - PA
1K
အက်ဖ်အေဖလား ဆွတ်ခူးဖို့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အကောင်းဆုံး အခွင့်အရေး ရှိနေတယ်လို့ ယာယီနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ၅ ပွဲဆက် အနိုင်ရလဒ်ကို စွမ်းဆောင်ထားပြီးနောက် ဆုဖလားမျှော်မှန်းမှုအနေနဲ့ နည်းပြဆိုးလ်ရှားက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှတွေးထားခြင်းမရှိဘဲ လက်ရှိအသင်းမှာ ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။
ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘယ်နှစ်လကြာကြာ နည်းပြလုပ်ရပါစေ၊ ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ အသင်းမှာ နေရတာသာ မပျော်ရွှင်ရင် ဘောလုံးနဲ့ ပတ်သက်လာရင်လည်း ပျော်ရွှင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းဟာ ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၁၆ မှတ်တိတိ ကွာဟနေတာကြောင့် အက်ဖ်အေဖလားမှာ ချန်ပီယံဖြစ်ဖို့အတွက် မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။