Home
မြန်မာသတင်း
မြန်မာလူ့အခွင့်အရေးကော်မရှင်က အေအေအဖွဲ့ကို ပြစ်တင်ရှုတ်ချ
DVB
·
January 7, 2019
ရက္ခိုင့်တပ်မတော်(အေအေ)ရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့လုပ်ရပ်တွေကို  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရှုတ်ချလိုက်တာဖြစ်ပြီး နိုင်ငံတော် အစိုးရဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက အလေးထား ဆောင်ရွက်နေချိန်မှာ အခုလို  အကြမ်းဖက် တိုက်ခိုက်တဲ့ လုပ်ရပ်တွေကြောင့် အခြေအနေတွေကို ပိုပြီး ရှုပ်ထွေးစေတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစေသလို ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေနိုင်တဲ့အပြင် အစိုးရက ဖော်ဆောင်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း အများးကြီး ထိခိုက်စေနိုင်တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း ၄ ခုကို ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းမှာ အေအေ လက်နက်ကိုင်အဖွဲ့က အင်အားအလုံးအရင်းနဲ့ တချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ယောက် ကျဆုံးခဲ့ပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024