ဂျာမနီ နှင်းအကြီးအကျယ် ကျဆင်း၊ လေကြောင်းခရီးစဉ်အချို့ ဖျက်သိမ်း

1.2K
ဂျာမနီနိုင်ငံ တောင်ပိုင်းတလွှားမှာ နှင်းတွေ အကြီးအကျယ် ကျဆင်းနေတာကြောင့် လေကြောင်းခရီးစဉ်တချို့ကို ဖျက်သိမ်းခဲ့ရပါတယ်။
ဘာဒန် ဝတ်တာန်ဘာ့ဂ် ပြည်နယ်နဲ့ ဘာဗားရီးယား ပြည်နယ်တွေမှာ မိုးလေဝသ သတိပေးချက်တွေ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားရပါတယ်။
နှင်းတွေ ထူထူထဲထဲ ဆက်ကျနေလို့ ကားတွေနဲ့ လမ်းတွေပေါ်က နှင်းတွေကို ဒေသခံတွေ ထွက်ရှင်းနေရပါတယ်။
မြူးနစ်ခ်ျမြို့နားက A8 အဝေးပြေးလမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု မရှိပေမယ့် လေကြောင်းခရီးစဉ်တွေ နှောင့်နှေးနေပြီး မိုးလေဝသအခြေအနေကြောင့် လေကြောင်း ခရီးစဉ် တချို့ကို ဖျက်သိမ်းထားရပါတယ်။