ဂျပန် နှစ်သစ်ကူး စာပန်းချီရေးပြိုင်ပွဲ လူ ၃၀၀၀ ကျော် ဆင်နွှဲ

1.1K
ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ နိုဝင်ဘာ ၅ ရက်က နှစ်သစ်ကူး စာပန်းချီရေးပြိုင်ပွဲကို ကျင်းပခဲ့ပြီး လူထောင်ချီ ၀င်ပြိုင်ခဲ့ကြပါတယ်။
၂၀၁၉ နှစ်သစ်မှာ အစကောင်းကို ရဖို့ ထောင်နဲ့ချီတဲ့ လူတွေ စုရုံးရောက်လာပြီး ဝင်ပြိုင်ခဲ့တာပါ။ အသက် ၃ နှစ်ကနေ ၈၉ နှစ်ကြား လူအယောက် ၃ ထောင်ကျော်ဟာ နစ်ပွန်ဘူဒိုကံလို့ ခေါ်တဲ့ ပွဲမှာ စာလုံးတွေကို လာရေးခဲ့ပါတယ်။
ဒီစကားလုံးဟာ ပထမဆုံးရေးခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဂျပန်နှစ်သစ် အစဉ်အလာလည်း ဖြစ်ပါတယ်။
ယှဉ်ပြိုင်သူတွေဟာ ၂၄ မိနစ်အချိန်အတွင်း စာမျက်နှာ ၂ ခုပေါ်မှာ အသက်အလိုက် သတ်မှတ်ထားတဲ့ စာလုံးတွေကို အပြီးရေးရတာပါ။
ခုလို စာကို စိတ်ရှင်းရှင်း ရိုးရိုးသားသား ရေးတာဟာ နှစ်သစ်မှာ အစကောင်းကို ရဖို့ ကူညီ မယ်လို့ မျှော်လင့်မိတယ်လို့ ပါဝင်ယှဉ်ပြိုင်သူ မာ့အိ အာ့ဘိရုက ပြောပါတယ်။
စာပန်းချီ ရေးနည်းဟာ အာရှတလွှား ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်တဲ့ အနုပညာပါ။ တရုတ်စာရေးနည်းဟာ စိတ်ကို ထက်မြက်စေပြီး အာရုံစူးစိုက်မှုကို တိုးတက်စေတယ်လို့လည်း ယုံကြည်ကြပါတယ်။
နှစ်စဉ်ကျင်းပနေကျ ဒီပြိုင်ပွဲက အနိုင်ရသူ စာရင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သီးခြား အခမ်းအနားနဲ့ ကြေညာမှာ ဖြစ်ပါတယ်။