Live
Home
မြန်မာသတင်း
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးစာရင်းတွင် ကယားနှင့်ရန်ကုန်တိုင်း လိုငွေအနည်းဆုံးဖြစ်
DVB
·
January 6, 2019
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ရဲ့ တိုင်းနဲ့ပြည်နယ်တွေ အရ အသုံးစာရင်းမှာ ကယားပြည်နယ်ပြီးရင် ရန်ကုန်တိုင်းဟာ လိုငွေအနည်းဆုံး ဖြစ်ပါတယ်။ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနရဲ့ ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် အနှစ်ချုပ်မှာ ဖော်ပြထားတာပါ။ ကယားပြည်နယ်ဟာ ရငွေ ၅,၃၃၂ သန်းကျော် ရှိပြီး သုံးငွေ ၆၀,၂၆၆ သန်းကျော် ရှိတာကြောင့် လိုငွေ ၅၄,၉၃၃ သန်းကျော် ရှိနေပါတယ်။ ရန်ကုန်တိုင်းကတော့ သုံးငွေများပေမယ့် ဝင်ငွေလည်းများတာကြောင့် လိုငွေ ဒုတိယအနည်းဆုံး ဖြစ်ပါတယ်။ ပြီးတော့ ရန်ကုန်တိုင်းဟာ တနိုင်ငံလုံးမှာ ရငွေအများဆုံး တိုင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းရဲ့ ရငွေဟာ ၅၈၇,၅၄၁ သန်းကျော် ရှိပြီး သုံးငွေကတော့ ၆၅၀,၁၉၄ သန်းကျော် ရှိတာကြောင့် လိုငွေ ၆၂,၆၅၃ သန်းကျော် ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်တွေထဲမှာ ရငွေအနည်းဆုံးက ကယားပြည်နယ်ဖြစ်ပြီး အများဆုံးက ရန်ကုန်နဲ့ မန္တလေးတိုင်း ဖြစ်သလို သုံးငွေ အနည်းဆုံးကလည်း ကယားပြည်နယ်ဖြစ်ပြီး သုံးငွေ အများဆုံးက ရန်ကုန်နဲ့ မန္တလေးတိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်နဲ့ မန္တလေးတိုင်းတို့ဟာ ကြွေးမြီတွေ ရှိနေတာဖြစ်ပြီး ရန်ကုန်က သန်း ၆၈၀၀၊ မန္တလေးက သန်း ၃၀၀၀ ရှိနေတာပါ။ လိုငွေအများဆုံးကတော့ ၂၂၄,၀၉၀ သန်းကျော်နဲ့ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး အစဉ်လိုက်အားဖြင့် စစ်ကိုင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အားလုံးဟာ ရငွေထက် ပိုသုံးထားတာဖြစ်လို့ လိုငွေ စုစုပေါင်း ၁,၇၉၃,၆၄၅ သန်းကျော် ရှိပြီး ဒီလိုငွေတွေကို ပြည်ထောင်စု ရန်ပုံငွေက ဖြည့်ဆည်းပေးထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024