Home
မြန်မာသတင်း
ဒေသလုံခြုံမှုမရှိ၍​ ပန်​ပီး​ ပြည်​သူ ၅၀၀ ​ကျော်​ UWSA ထံ ထွက်​​ပြေးခိုလှုံ
DVB
·
January 6, 2019
ရှမ်းပြည်​နယ်​​တောင်​ပိုင်း မိုင်းပန်မြို့နယ် ပန်​ပီး​ဒေသ နားမွန်းကျေးရွာအုပ်စုမှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ တိုက်​ပွဲဖြစ်​ပွားပြီး​နောက်​ ဒေသလုံခြုံမှု မရှိတဲ့အတွက်​ ဒေသခံတွေ ​နေရပ်​စွန့်​ခွာပြီး UWSA နယ်​​မြေထဲ လာရောက်ခိုလှုံတာ လူဦးရေ ၅၀၀ ကျော်ရှိပြီလို့ သိရပါတယ်​။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လကုန်ပိုင်းက တိုက်​ပွဲတွေ ဖြစ်​ပွားပြီး​နောက်​ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA လက်​နက်​ကိုင်​အဖွဲ့က  မို​င်းပုတ်ရွာသားတွေကို ရွာမှာ ဆက်မနေဖို့ ခြိမ်းခြောက်ခြင်းမှု​တွေ ရှိေ​နေတဲ့အတွက်​ မ​နေရဲ​တော့ဘဲ နေရပ်စွန့်ခွာရတာလို့ ဒေသခံတွေက ပြောပါတယ်​။ “အရင်တခါကလည်း အိမ်​မီးလာရှို့ဖို့ လုပ်သေးတယ်၊ မီးမ​လောင်​ဘူး၊ သေနတ်နဲ့လည်း လှမ်းပစ်သေးတယ်၊ လူတော့မထိဘူး သစ်ပင်ပဲထိတယ်။ လွိုင်​လင်မြို့နယ်​မှာ တပ်မတော်ရှိတယ်၊ ရဲတွေရှိတယ်၊ ပအိုဝ်းစစ်သားလည်းရှိတယ်။ ဒါတောင် လုံခြုံရေးက ပိုဆိုးတယ်။ ဒါကြောင့် မနေရဲဘဲ နေရပ်စွန့်ရတာပါ” လို့ အမည်​မ​ဖော်​လိုတဲ့ ​ဒေသခံတဦးက ​ပြောပါတယ်​။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ​တောင်​ပိုင်း ဆက်​ဆံ​ရေးမှူး ဦးဆမ်​​လော့က “ဒီဇင်​ဘာလကုန်​ပိုင်း​လောက်​ဖြစ်​မယ်​၊ ထွက်​​ပြေးလာတယ်​။ ကျနော့်ဖုန်းကိုဆက်​သွယ်​တာ၊ အထက်​ကိုတင်​ပြ လက်​ခံ​တော့ လက်​ခံထားတယ်။ ပြည်​သူ ​လေးငါးရာလောက်​ရှိပြီ။ စာရင်းအတိကျမရ​သေးဘူး၊ သူတို့​ပြောတာက အဲ​ဒေသမှာ RCSS အဖွဲ့က ​နေရာတကာ ​နေရာယူ၊ မီးတုတ်​​တွေ ​သေနတ်​​တွေနဲ့ အားလုံး ရိုက်​ထုတ်​မယ် ​ခြိမ်း​ခြောက်​​တော့ လူထု​တွေလန့်​ပြီး ​မြောက်​ပိုင်းပုံစံလိုဖြစ်​မှာစိုးလို့ ထွက်​​ပြေးတာ အဲလိုပုံစံပါ” လို့ ​ပြောပါတယ်​။ ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ ​တောင်​ကြီး ဆက်ဆံရေးရုံး တာဝန်ခံ​ ဗိုလ်မှူးကြီး စိုင်းဦးက “ကျနော်​တို့ မခြိမ်း​ခြောက်​ရဘူး၊ တိုက်​ပွဲဖြစ်​ပွားပြီး​နောက်​ ပြည်​သူ​တွေက မ​နေရဲလို့ ထွက်​​ပြေးတာ၊ တိုက်​ပွဲမဖြစ်​ခင်​က အဲ​ဒေသမှာ ​အေးချမ်း​နေတယ်၊ ​ဘာမှမဖြစ်​ဘူး၊ ဒီကိစ္စက လူကြီးပိုင်း​တွေ ​တွေ့ဆုံညှိနိုင်းမှ အ​ဖြေရမှာပါ” လို့ ​ပြောပါတယ်​။ အခု ဇန်နဝါရီ ၆ ရက်​​နေ့အထိ ​ပန်ပီး၊ မိုင်းပုတ်ရွာသား ​နေရပ်​စွန့်​ခွာသူ စုစုပေါင်း ၅၀၀ လောက် ရှိပြီဖြစ်​ပြီး စာသင်​​ကျောင်း​တွေလည်း ပိတ်​ထားရတယ်​လို့ ​သိရပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024