ဖာဘရီဂက်စ် မိုနာကိုအသင်းကို ပြောင်းရွှေ့တော့မည်

အင်္ဂလန်မြေမှာ ပွဲပေါင်း ၅၀၀ ကျော် ကစားထားတဲ့ ဖာဘရီဂက်စ်ဟာ မိုနာကိုအသင်းကို ပြောင်းရွှေ့ကစားတော့မယ်လို့ သိရပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး ကွင်းထဲကနေလည်း မျက်ရည်တွေနဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဖာဘရီဂက်စ်ဟာ ချဲလ်ဆီးအသင်းမှာ ပွဲပေါင်း ၁၉၈ ပွဲ ကစားခဲ့ပြီးတော့ ၂၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဖာဘရီဂက်စ်ဟာ နောက်ဆုံးပွဲစဉ်မှာ အသင်းခေါင်းဆောင်တာဝန်ကို ယူခဲ့ပြီး ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ကွင်းလယ်လူ နီကိုးလပ်စ်ကန်တေနဲ့ လူစားလဲခံခဲ့ရတဲ့အချိန်မှာတော့ ပရိသတ်ကို လက်ပြနှုတ်ဆက်ပြီး မျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဖာဘရီဂက်စ်ဟာ အာဆင်နယ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး အစရှိတဲ့ ဥရောပအသင်းကြီးတွေမှာ ကစားခဲ့ပြီးတော့ အာဆင်နယ်မှာ လက်တွဲခဲ့ဖူးတဲ့ ဟင်နရီနဲ့ မိုနာကိုအသင်းမှာ ပြန်လည်ပေါင်းစည်းသွားဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up