Live
Home
မြန်မာသတင်း
မေတ္တာစိတ်ဖြင့် နှစ်သစ်ကို ကြိုဆိုကြရန် ကရင်ဝန်ကြီးချုပ်ပြော
DVB
·
January 6, 2019
ဇန်န၀ါရီ ၆ ရက်မနက်ပိုင်းက ဘားအံမြို့၊ ပြည်နယ်သီရိကွင်းမှာပြုလုပ်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က "နောင်လာနောင်သားမျိုးဆက်သစ်များကို နှစ်သစ်ကူးနေ့တိုင်း ငြိမ်းချမ်းပျော်ရွှင်စွာ ကျင်းပနိုင်ကြဖို့ လူကြီးတွေက သူတို့ရဲ့ရင်ထဲမှာ မေတ္တာ ကရုဏာတွေကို ကြိုးစားဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ မေတ္တာတရား၊ ဂရုဏာတရားရင်မှာ ပေါက်ဖွားနေခြင်းသည့် အလွန်အဆင့်အတန်းမြင့်မားသော စိတ်များမွေးဖွားနေခြင်းဖြစ်ပါတယ်။ ထိုစိတ်သည် အဖိုးလည်းတန်တယ်။ စိတ်သတ္တိလည်း ထက်ပါတယ်။ သာယာဝပြောပြီး ငြိမ်းချမ်းသာယာသော ဘဝများကို ရရှိရန် မင်္ဂလာရှိသောနှစ်သစ်များကိုရရှိရန် ဤကဲ့သို့ အဖိုးလည်းတန် အစွမ်းလည်းထက်တန်သော မေတ္တာစိတ်ဖြင့် နှစ်သစ်ကိုကြိုဆိုကြပါ" လို့ တိုက်တွန်းလိုက်ပါတယ်။ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က "နှစ်ဟောင်းကုန်ဆုံးလို နှစ်သစ်မှာ ကျနော်တို့အားလုံး အတွေးအခေါ် ဟောင်းတွေ၊ အယူအစဟောင်းတွေကို စွန့်လွှတ်ပြီတော့ လာမယ့်နှစ်မှာ ကျနော်တို့ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်" လို့ ပြောပါတယ်။ အခမ်းအနားမှာ ကရင်အမျိုးသားအလံကို ဘင်ခရာတီးဝိုင်းနဲ့ သယ်ဆောင်ပြီး၊ အလံတင်တာ၊ အလံတော်ကို အလေးပြုတာနဲ့ ကရင်အမျိုးသားအလံတော်ဖြစ်ပေါ်လာပုံသမိုင်းကို ဖတ်ကြားတာ၊ ၀န်ကြီးချုပ် နှစ်သစ်ကူးမိန့်ခွန်းပြောကြားတာ၊ နိင်ငံတော် အတိုင်ပင်ခံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပေးပို့တဲ့ သဝဏ်လွှာတွေကိုဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြပြီး ဂုဏ်ပြုခံ သက်ကြီး ဘိုးဘွားတွေကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သလို စပါးစောင့်နတ်သမီး ရိုးရာပူဇော်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲနဲ့ ဆုပေးပွဲတွေကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက်ကျင်းပနေပါတာပါ။ ရဲမင်းခေါင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024