မုန်တိုင်းကြောင့် ကော့စမွေနှင့် ခိုတောင်ကျွန်းတွင် ရေကြီး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပါဘက် မုန်တိုင်းက ဝင်ရောက် တိုက်ခတ်ခဲ့လို့ လူကြိုက်များတဲ့ အပန်းဖြေ စခန်းသာကျွန်းတွေက လျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်တွေ ပြိုလဲပြီး ရေကြီးနေပါတယ်။ ကော့စမွေနဲ့ ခိုတောင်ကျွန်းတွေမှာ ရေကြီးတဲ့ ရုပ်သံတွေကို ရိုက်တာ သတင်းဌာနက ထုတ်လွှင့်ခဲ့တာပါ။ ကျွန်း ၂ ကျွန်းစလုံးဟာ စူရတ်ထာနီခရိုင်ရဲ့ အရှေ့ပိုင်းမှာရှိပြီး ဒေသတွင်း မိုးကြီးနေပါတယ်။ နိုင်ငံတောင်ပိုင်းက ခရိုင် ၇ ခုကနေ ပြည်သူ ၂ သောင်း ၈ ထောင်ကျော်ကို ခိုလှုံရေး ဂေဟာတွေဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကပ်ဘေးကာကွယ်ရေးနဲ့ လျော့ပါး သက်သာရေးဌာနက စနေနေ့မှာ ပြောပါတယ်။ မုန်တိုင်းဟာ ခုတော့ အရှိန်ကျသွားပြီး လေဖိအားနည်း ရပ်ဝန်းအဆင့်ကို ရောက်သွားပြီလို့ မိုးလေဝသ အရာရှိတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up