ဂျပန် စားသောက်ဆိုင်က တူနာငါး ၁ ကောင်ကို ဒေါ်လာ ၃ သန်းကျော်ဖြင့် ဝယ်ယူ

2.6K
ဂျပန်စားသောက်ဆိုင် အုပ်စုတစုဟာ ဇန်န၀ါရီ ၅ ရက်နေ့က တူနာငါးတကောင်ကို အမေရိကန် ဒေါ်လာ ၃ သန်းကျော်နဲ့ စံချိန်တင်ဝယ်ယူခဲ့ပါတယ်။
တိုကျိုမြို့ ငါးဈေးအသစ်မှာ ပြုလုပ်တဲ့ နှစ်သစ်ကူး လေလံပွဲမှာ ဆူရှီဇန်မာအီ စားသောက်ဆိုင်အုပ်စုက အဲဒီ တူနာငါးကို ၀ယ်ယူခဲ့တာပါ။
အာအိုမိုရိဒေသ ကမ်းလွန်ကနေ ဖမ်းဆီးရမိတဲ့ အဲဒီ ဆူးတောင်ပြာ တူနာငါးဟာ ၂၇၈ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။
ငါးဝယ်ယူခဲ့သူဟာ အဲဒီ တူနာငါးကို လွန်ခဲ့တဲ့ ၆ နှစ်က ပေးခဲ့တဲ့ ဈေးထက် နှစ်ဆပေးဝယ်ယူခဲ့တာပါ။
၂၀၁၃ ခုနှစ်ကလည်း သူဟာ တူနာငါးတကောင်ကို အမေရိကန် ဒေါ်လာ ၁.၇ သန်းနဲ့ စံချိန်တင်ဝယ်ယူခဲ့ပါတယ်။
တူနာငါးတွေနဲ့ ဆူရှီပြုလုပ်တာမို့ ကမ္ဘာတ၀ှမ်း တူနာငါးတွေကို တန်ဖိုးထား စားသုံးကြပါတယ်။
ဒါပေမယ့် တူနာငါး ၀ယ်လိုအားမြင့်တက်မှုဟာ တူနာငါးတွေ မျိုးတုံးမယ့် အန္တရာယ် ကျရောက်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။