Home
မြန်မာသတင်း
ပါဘက်မုန်တိုင်းကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ယာယီပိတ်
DVB
·
January 5, 2019
အပူပိုင်းမုန်တိုင်း ပါဘက်တိုက်ခတ်နေမှုကြောင့် ရေလမ်းခရီးကို အသုံးပြုနေရတဲ့ ထိုင်းနဲ့ မြန်မာနယ်စပ်ဂိတ်တွေကို ဇန်နဝါရီ ၄ ရက်နေ့ညနေကတည်းက ယာယီ ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ “အဓိကကတော့ ထိုင်းဘက်ခြမ်းကပိတ်တာပါ။ ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ လောက်ကတည်းက အဝင်တော့ လက်ခံတယ်၊ အထွက်ကိုတော့ ပေးမထွက်တော့ပါဘူး။ မုန်တိုင်းငြိမ်သွားမှ ပေးထွက်မယ်ထင်တယ်။ ဒီနေ့ကတော့ မြင်တဲ့အတိုင်းပဲ။ ပဲ့ချိတ်ဆိပ်နဲ့ လဝကရုံးမှာ လူမရှိတော့ဘူး” လို့ ပဲ့ချိတ်မောင်းသူ ကိုတင်ဦးက ပြောပါတယ်။ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ မုန်တိုင်းတိုက်ပြီး နောက်ဆက်တွဲ အန္တရာယ် ရှိနေသေးတာကြောင့် နယ်စပ်ဂိတ်ကို ယာယီပိတ်လိုက်တာဖြစ်ပြီး မုန်တိုင်းငြိမ်သွားမှ ပြန်ဖွင့်ပေးမယ်လို့ သိရပါတယ်။ “ကျနော်တို့ကတော့ မပိတ်ပါဘူး။ ထိုင်းဘက်က အဝင်ရောအထွက်ပါ ပိတ်လိုက်လို့ သွားလာတဲ့သူမရှိတာပါ။ ထိုင်းဘက်ကပြန်ဖွင့်ပေးတာနဲ့ ကျနော်တို့လည်း ပြန်ဖွင့်ပေးမှာပါ” လို့ လဝကမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ မုန်တိုင်းက ဇန်နဝါရီ ၅ ရက်နေ့ မနက်ကတည်းက ကော့သောင်းမြို့နဲ့ မိုင် ၁၀၀ အကွာကနေ ဖြတ်သန်းသွားပြီး လက်ရှိမြို့ပေါ်မှာ မိုးရွာနေပြီး လေးအနည်းငယ်တိုက်နေပြီး ပြည်သူတွေကတော့ မုန်တိုင်းသတင်းကို သတိပြုနေကြပြီး ပုံမှန်သွားလာနေကြပါတယ်။ လတ်ကိုကိုဦ်ီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024