ဂျူဗင်တပ်စ်က ရမ်ဆေးကို ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိ

အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ စီးရီးအေထိပ်သီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ရမ်ဆေးအနေနဲ့ ရာသီကုန်အကုန်မှာ ပြောင်းရွှေ့မှာဖြစ်လို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အီတလီသတင်းစာတွေမှာ ရေးသားဖော်ပြချက်အရ ရမ်ဆေးဟာ တနှစ်လုပ်ခ ပေါင် ၅.၉ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ ရမ်ဆေးရဲ့ အပြောင်းအရွှေ့နဲ့အတူ ဂျူဗင်တပ်စ်ကွင်းလယ်လူ ဆမ်မီခီဒီယာလည်း အာဆင်နယ်အသင်းကို ရောက်ရှိလာဖို့ ရှိနေပါတယ်။ ရမ်ဆေးကို ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဂျူဗင်တပ်စ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အမှုဆောင်အရာရှိချုပ် ပက်ထရီဆီကလည်း ရမ်ဆေးဟာ နှစ်ပေါင်းများစွာ ထိပ်တန်းကစားသမားတဦးအဖြစ် ရပ်တည်နိုင်ခဲ့လို့ အကြိုသဘောတူညီမှုအတွက် ဝမ်းမြောက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up