ဆီဗီလာက မန်ယူနောက်ခံလူ ဘိုင်လီကို ခေါ်ယူရန် စိတ်ဝင်စားနေ

ဆီဗီလာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ အဲရစ်ဘိုင်လီကို ခေါ်ယူဖို့ အသည်းအသန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ဘိုင်လီဟာ ဗီလာရီးရဲလ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လာလီဂါကို ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ်လာတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘိုင်လီတို့ဟာ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိသေးပေမယ့် ဆီဗီလာအသင်းကတော့ တခြားဥရောပအသင်းကြီးတွေ မခေါ်ယူခင်မှာ လက်ဦးမှုရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဆီဗီလာအသင်း ခေါ်ယူဖို့အတွက်ဆိုရင်တော့ ဘိုင်လီကို လုပ်ခလစာ အများအပြား ပေးချေရဖွယ်ရှိနေတာကြောင့် အခက်အခဲရှိနေပါတယ်။ ဘိုင်လီဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တပတ်လုပ်ခ ပေါင် ၇ သောင်းခွဲ ရရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up