Thursday, June 8, 2023
HomeLead Storyဘီယွန်စေးနဲ့ ဂျေဇီးတို့၏ အမ်တီဗွီကြောင့် ပြင်သစ် လုဗ်ပြတိုက်လာသူ စံချိန်တင်မြင့်တက်

ဘီယွန်စေးနဲ့ ဂျေဇီးတို့၏ အမ်တီဗွီကြောင့် ပြင်သစ် လုဗ်ပြတိုက်လာသူ စံချိန်တင်မြင့်တက်

ပြင်သစ်နိုင်ငံ  လုဗ်ပြတိုက်အတွင်း ရိုက်ကူးခဲ့တဲ့  အဆိုတော် ဘီယွန်စေးနဲ့ ဂျေဇီးတို့ရဲ့ အမ်တီဗွီဟာ ပြတိုက်လာရောက်သူ အရေအတွက်ကို စံချိန်တင် မြင့်တက်စေတယ်လို့ ပြတိုက် တာဝန်ရှိသူတွေက ဇန်န၀ါရီ ၃ ရက်နေ့မှာ ပြောကြားပါတယ်။

၂၀၁၈ ခုနှစ်အတွင်း လုဗ်ပြတိုက်လာရောက်လည်ပတ်သူ သန်းပေါင်း ၁၀.၂ သန်း  ရှိခဲ့ပြီး ဒါဟာ ပြတိုက်တွေရဲ့ သမိုင်းမှာ အများဆုံး ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

၂၀၁၅ ခုနှစ်က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုနဲ့ ပဲရစ်မြို့မှာ လူ ၁၃၀ သေဆုံးခဲ့ပြီးနောက် ပြတိုက်လာရောက်သူ ကျဆင်းခဲ့ပါတယ်။

အဲဒီနောက် ပဲရစ်မြို့ကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည် အရေအတွက် ပြန်လည်များလာခဲ့ပြီး ပြတိုက်လာရောက်သူတွေဟာလည်း အရင်နှစ်ကထက် ၂၅ ရခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ဘီယွန်စေးနဲ့ ဂျေဇီးတို့ဟာ လုဗ်ပြတိုက်အတွင်း မိုနာလီဆာ၊ ဗီးနပ်စ်ဒီမီလိုနဲ့ တခြားနာမည်ကျော် အနုပညာလက်ရာတွေရဲ့ ရှေ့မှာ သီဆိုပြခဲ့ပြီး သူတိုရဲ့ အမ်တီဗွင်္ီကို YouTube မှာ ကြည့်သူ သန်း ၁၅၀ နီးပါး ရှိခဲ့ပါတယ်။

လုဗ်ပြတိုက် တာဝန်ရှိသူတွေက ဘီယွန်စေးနဲ့ ဂျေဇီးတို့ရဲ့ အမ်တီဗွီကြောင့် ပြတိုက်လည်ပတ်သူ အရေအတွက် စံချိန်တင်မြင့်တက်လာတဲ့အပေါ် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular