ရာသီဥတုဆိုးရွားမှုကြောင့် သင်္ဘောပေါ်မှ ကွန်တိန်နာအလုံး ၂၇၀ ခန့် ဂျာမန်ကျွန်းအနီး ရေထဲပြုတ်ကျ

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ သင်္ဘောတွေထဲက တစီးဖြစ်တဲ့ MSC ZOE သင်္ဘောဟာ ဇန်နဝါရီ ၂ ရက်နေ့က ရာသီဥတု ဆိုးရွားတာကြောင့် ဂျာမန်ကျွန်း ဘောကွန်းအနီးမှာ ကွန်တိန်နာ အလုံး ၂၇၀ လောက် ရေထဲပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကျသွားတဲ့ ကွန်တိန်နာတွေဟာ ဒတ်ခ်ျရေပိုင်နက်ရှိရာ အနောက်တောင်ပိုင်းကို မျောပါနေတယ်လို့ ဒတ်ခ်ျကမ်းခြေစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောပါတယ်။ လှိုင်းထန်တဲ့ပင်လယ်မှာ သင်္ဘောပေါ်က ကွန်တိန်နာတွေ ပြုတ်ကျပြီးနောက် flat-screen တီဗွီတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ ကွန်တိန်နာတွေဟာ မြောက်ပင်လယ်ရှိ ဒတ်ခ်ျကျွန်းတွေမှာ သောင်တင်နေပါတယ်။ ဒီအတွက် ဒေသခံ ရတနာမုဆိုးတွေအဖို့ အခွင့်အလမ်းကောင်းကြီး ဖြစ်ခဲ့ပါတယ်။ ကွန်တိန်နာတွေ မျောပါနေတဲ့ ရေပြင်မှာ ရှိကြတဲ့ သင်္ဘောတွေကို သတိဝီရိယနဲ့ မောင်းနှင်ကြဖို့ ဒတ်ခ်ျကမ်းခြေစောင့်တပ်ဖွဲ့က သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up