အိန္ဒိယတွင် ရှေးရိုးစွဲ ဟိန္ဒူဘာသာဝင်များ ဆန္ဒပြမှုကြောင့် အရောင်းအဝယ်များ ရပ်ဆိုင်း

ဓာတ်ပုံ - Reuters
အိန္ဒိယနိုင်ငံ ကယ်ရာလာနဲ့ အနီးဝန်းကျင် ပြည်နယ်တွေမှာ ရှေးရိုးစွဲ ဟိန္ဒူဘာသာဝင်  အုပ်စုတွေရဲ့ ဆန္ဒပြပွဲကြောင့် ဇန်နဝါရီ ၃ ရက်နေ့က ယာဉ်အသွားအလာနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ အမျိုးသမီး ၂ ဦးကို ဘုရားကျောင်းအတွင်း ဝင်ရောက်ခွင့်ပြုတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရှေးရိုးစွဲ ဟိန္ဒူဘာသာဝင်အုပ်စုတွေ ဆန့်ကျင် ဆန္ဒပြနေကြတာပါ။ ဇန်နဝါရီ ၃ ရက်နေ့ မနက်ကတော့ အမျိုးသမီးတချို့ အပါအဝင် ဆန္ဒပြသူ ၄၀၀ ခန့်ဟာ ကယ်ယာလာပြည်နယ် မြို့တော် ကိုချီမှာ ချီတက် ဆန္ဒပြခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင် အုပ်စုတွေက ပြည်နယ်တဝှမ်း သပိတ်မှောက်ဖို့ တောင်းဆိုခဲ့ပြီးနောက် စတိုင်းဆိုင်တွေနဲ့ လုပ်ငန်းငယ်တွေကို ပိတ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်လိုင်းအများစု ပြေးဆွဲတာရပ်တန့်ပြီး တက္ကစီယာဉ်မောင်းတွေဟာလည်း တိုက်ခိုက်ခံရမှာ စိုးတဲ့အတွက် ခရီးသည်တွေကို တင်ဆောင်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up