တရုတ် အာကာသ လေ့လာရေးယာဉ် လကမ္ဘာတဖက်ခြမ်းသို့ အောင်မြင်စွာဆင်းသက် (ရုပ်သံ)

တရုတ် အာကာသ စူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာတဖက်ခြမ်းကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဇန်နဝါရီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါကို တရုတ်နိုင်ငံ အာကာသစူးစမ်းလေ့လာရေး အစီအစဉ်အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်ပြီး သမိုင်းဝင် အောင်မြင်မှုအဖြစ် သတင်းဌာနက ကြိုဆိုခဲ့ပါတယ်။ ချန်-၄ ဆိုတဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို ဒီဇင်ဘာလက လွှတ်တင်ပြီး ဂင်းနစ်စံတော်ချိန် ၂ နာရီ ၂၆ မိနစ်မှာ လကမ္ဘာရဲ့တဖက် အမှောင်ခြမ်းကို ညင်သာစွာ ဆင်းသက်ခဲ့ပါတယ်။ အဲဒီနောက် လရဲ့ အမှောင်ခြမ်း အနီးကပ်ပုံရိပ်ကို ပထမဆုံး ထုတ်လွှင့်ခဲ့ပါတယ်။ လဟာ ကမ္ဘာမြေကိုပတ်တဲ့ အမြန်နှုန်းနဲ့ ဝင်ရိုးမှာ လည်ပတ်နေတာမို့ သူ့ရဲ့အမှောင်ခြမ်းကို ကမ္ဘာမြေကနေ မမြင်တွေ့ပါဘူး။ အရင်အာကာသယာဉ်တွေဟာ လရဲ့အမှောင်ခြမ်းကို မြင်တွေ့ပေမယ့် အဲဒီမှာ ဆင်းသက်ခြင်း မရှိပါဘူး။ အခုလို တရုတ်အာကာသယာဉ် ဆင်းသက်မှုဟာ အမှောင်ခြမ်းရဲ့ လျှို့ဝှက်မှုကို လှစ်ဟလိုက်ပြီး လူသားတွေရဲ့ လကမ္ဘာ စူးစမ်းလေ့လာရေးမှာ ကဏ္ဍသစ်တခု ဖွင့်လှစ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up