အဂွေရို၊ ဆာနေးတို့၏ သွင်းဂိုးများဖြင့် မန်စီးတီးက လီဗာပူးကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အဖြစ် အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့ မန်စီးတီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မန်စီးတီးအသင်းက အဂွေရို၊ ဆာနေး၊ စတာလင်၊ ဆေးလ်ဗား စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့သလို လီဗာပူးအသင်းကလည်း အဓိက တိုက်စစ်အတွဲဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမီနိုတို့ကို ကျန် အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။ အဖွင့်ဂိုးကိုတော့ မန်စီးတီးအသင်း ရသွားပြီး ပွဲချိန် မိနစ် ၄၀ မှာ တိုက်စစ်မှူး အဂွေရိုက သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ မန်စီးတီးက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ထိုးဖောက်ကန်သွင်းခွင့်မှာ အနည်းငယ်သာခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ လီဗာပူးက အသာရခဲ့ပါတယ်။ လီဗာပူးအတွက် ချေပဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ ရယူနိုင်ခဲ့ပြီး တိုက်စစ်မှူး ဖာမီနိုက သွင်းယူပေးခဲ့တာပါ။ ဒီနောက် နှစ်ဖက် အပြန်အလှန် ကစားပြီး အိမ်ရှင် မန်စီးတီးအတွက် အဖိုးတန် ၃ မှတ်ရစေမယ့် ပွဲသိမ်း အနိုင်ဂိုးကို ၇၂ မိနစ်မှာ ဆာနေးက သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းအတွက်တော့ ဒီရာသီ ပထမဆုံးရှုံးပွဲ ကြုံခဲ့ရတာဖြစ်ပေမယ့် ၅၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီနိုင်ပွဲကြောင့် ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up