Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း ပင်လယ်ပြင်လုပ်ငန်းခွင်၌ လူသတ်မှု အများဆုံးဖြစ်ပွား   
DVB
·
January 3, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ  ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု ၂၉ မှုဖြစ်ပွားခဲ့ပြီး ပင်လယ်ပြင်မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ ပင်လယ်ပြင်လုပ်ငန်းခွင်ဝင်ရာမှာ ရေလုပ်သားတွေဟာ အလုပ်ပင်ပန်းလာတဲ့အခါ စိတ်ဒဏ်ရာတွေ၊ ဒေါသစိတ်တွေကြောင့် အချင်းချင်းစကားများကြတာတွေ ပိုမိုဖြစ်ကြပြီး လူသတ်မှု ဖြစ်ရတဲ့အထိ ကျူးလွန်မိကြတာလို့ ရဲအရာရှိတဦးက ပြောပါတယ်။ မလိုလားအပ်တဲ့ မှုခင်းတွေကျဆင်းအောင် ရေလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းအဖွဲ့တွေ ဖွဲ့စည်းထားရှိပြီး လှေဝင်လှေထွက်၊ လှေသားမှတ်တမ်းတွေကို ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်နေသလို  အသိပညာပေး ဟောပြောပေးတာလည်းရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ရေးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်တွေထဲက လူသတ် တရားခံပြေးတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024