ဒိန်းမတ်နိုင်ငံရှိ Great Belt တံတားပေါ်မှာ ဇန်နဝါရီ ၂ ရက်နေ့က ရထားမတော်တဆမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ရထားလိုင်း အော်ပရေတာ DSB က ပြောပါတယ်။
အဲဒီတံတားဟာ ဒိန်းမတ်ရဲ့ အဓိကကျွန်းကြီးနှစ်ခုဖြစ်တဲ့ ဇီလန်ကျွန်းနဲ့ ဖွန်းကျွန်းတို့ကို ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။
မြို့တော် ကိုပေဟေဂင်ဆီသွားတဲ့ ခရီးသည်တင်ရထားကို ကုန်ရထားပေါ်က ပစ္စည်းတွေ တိုက်ခိုက်မိတာ ဖြစ်ပါတယ်။
ပြင်းထန်တဲ့ မုန်တိုင်းဝင်နေတာမို့ ရထားမတော်တဆမှုဖြစ်တဲ့ နေရာကို အရေးပေါ် အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ရာမှာ အခက်အခဲ ရှိနေပါတယ်။
ရထားရော မော်တော်ယာဉ်ပါ ဖြတ်သန်းတဲ့ အဲဒီတံတားကို ပိတ်ထားတယ်လို့ ရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။