ဒေါ့မွန်ကွင်းလယ်လူ ပူလီဆစ်ကို ချဲလ်ဆီး ခေါ်ယူ

1.8K
ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ပူလီဆစ်ကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီသတင်းကို ဒေါ့မွန်အသင်းဘက်က အတည်ပြုခဲ့ပြီး လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းမယ်လို့ သိရပါတယ်။
ကွင်းလယ်ကစားသမား ပူလီဆစ် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး ချဲလ်ဆီးအသင်းက ရာသီကုန်အထိ ပြန်လည်အငှားချခဲ့တယ်လို့ ဒေါ့မွန်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့ အမေရိကန်လူငယ်ကြယ်ပွင့် ပူလီဆစ်ဟာ အခုနှစ်ရာသီမှာ ဒေါ့မွန်အသင်းအတွက် ၁၇ ပွဲကစားပြီး ၃ ဂိုး သွင်းပေးထားပါတယ်။
လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ချဲလ်ဆီးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာလို့ သိရပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ တောင်ပံကစားသမား ပူလီဆစ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ကို ရောင်းချဖွယ်ရှိတယ်လို့ ဆိုပါတယ်။