ရွှေ့ပြောင်းနေထိုင်သူများကို ဟန့်တားရန် အမေရိကန် နယ်ခြားစောင့်တပ် မျက်ရည်ယိုဓာတ်ငွေ့ သုံး

အမေရိကန် နယ်ခြားစောင့်တပ်တွေဟာ ဇန်နဝါရီ ၁ ရက်နေ့က မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်က တီဟွာနာမြို့ နယ်စပ်ဂိတ်မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဟန့်တားဖို့ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးခဲ့ပါတယ်။ အဲဒါကြောင့်လည်း နယ်စပ်စည်းရိုးနားမှာ ဓာတ်ငွေ့တိမ်တွေ သိပ်သည်းနေတာပါ။ ရွှေ့ပြောင်းနေထိုင်သူတဦးက ဓာတ်ငွေ့ဘူးကို ကောက်ပြီး အမေရိကန်ပိုင်နက်ထဲကို နယ်စပ်ဖြတ် ပြန်ပစ်ထုတ်နေတာကိုလည်း တွေ့ရပါတယ်။ အမေရိကန်တွေ ထိန်းသိမ်းထားချိန်မှာ ရွှေ့ပြောင်းနေထိုင်သူ ကလေး ၂ ဦး လတ်တလောမှာ သေဆုံးခဲ့လို့ အမေရိကန်ရဲ့ လူဝင်မှု မူဝါဒနဲ့ ပတ်သက်ပြီး စကားရည်လုပွဲတွေလည်း ပိုပြင်းထန်လာပါတယ်။ မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် နံရံဆောက်ရေး ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလျံပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်ဆီမှာ တောင်းဆိုထားပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို ဟန့်တားဖို့ နယ်စပ်တံတိုင်းတွေ လိုအပ်တယ်လို့ ထရမ့်က ရှုမြင်ထားပေမယ့် အတိုက်အခံ ဒီမိုကရက်တွေကတော့ ဒီတောင်းဆိုချက်ဟာ လက်တွေ့မကျဘဲ ကုန်ကျစရိတ်ကြီးတယ်လို့ ရှုမြင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up