ဖာဘရီဂတ်စ်ကို ခေါ်ယူရန် မိုနာကို ကြိုးပမ်းမည်

ဓာတ်ပုံ - PA
မိုနာကိုနည်းပြ အွန်နရီဟာ ချဲလ်ဆီးမှာ အဆင်မပြေဖြစ်နေတဲ့ ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ အွန်နရီနဲ့ ဖာဘရီဂတ်စ်တို့ဟာ အာဆင်နယ်အသင်းမှာ အတူတွဲ ကစားခဲ့ဖူးပါတယ်။ လက်ရှိ ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ဖာဘရီဂတ်စ်ရဲ့ အခြေအနေကြောင့် အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်ရှိ စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ အခုနှစ်ရာသီအကုန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ မိုနာကိုအသင်းဟာ ပြင်သစ်လီဂူး ၁ မှာ အဆင့် ၁၉ အထိ ရောက်နေတာကြောင့် ကစားသမားသစ်တွေ ဖြည့်တင်းဖို့ရှိနေပြီး ချဲလ်ဆီးအသင်းကပဲ ဂယ်ရီကာဟေးလ်၊ အာဆင်နယ်က ကိုစီရယ်နီ၊ ရီးရဲလ်နောက်ခံလူဟောင်း ပီပီတို့ကိုလည်း ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up