ဂျာမနီတွင် အမျိုးသားတဦးက လူအုပ်ကို ကားဖြင့်ဝင်တိုက်၊ နိုင်ငံခြားသားများ သေဆုံး

ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းက ဘော့ထော့ပ်မြို့မှာ ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက အသက် ၅၀ အရွယ် ဂျာမန်အမျိုးသားတဦးဟာ သူ့ရဲ့ ငွေရောင် မာဆီဒီးကားနဲ့ လူအုပ်ကို ဝင်တိုက်ခဲ့လို့ နိုင်ငံခြားသားတွေ သေဆုံးခဲ့တယ်လို့ အစိုးရ အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။ ကားနဲ့တိုက်သူရဲ့ နာမည်ကိုတော့ ရဲက မပြောခဲ့ပါဘူး။ သူဟာ ကားနဲ့တိုက်ချိန်မှာ လူမျိုးရေး ခွဲခြားတဲ့ မှတ်ချက်တွေ ပြောခဲ့တယ်၊ တိုက်အပြီး ကားမောင်းပြေးခဲ့လို့ သူ့ကို အခင်းဖြစ်ရာ အနီးက အက်စ်စန်မြို့ထဲမှာ ကားရပ်ခိုင်းပြီး ဖမ်းခဲ့တယ်လို့ ရဲက ပြောပါတယ်။ ဂျာမန်အမျိုးသားဟာ နိုင်ငံခြားသားတွေ အများစုရှိနေတဲ့ လူအုပ်ထဲကို တမင်သက်သက် ကားနဲ့မောင်းဝင် တိုက်ပစ်ခဲ့တယ်၊ ဒါဟာ နိုင်ငံခြားသားတွေကို သတ်ဖို့ ရည်ရွယ်ချက်ရှိတာ ရှင်းနေတယ်လို့ နော့သ်ရိုင်းဝက်စ်ဖာလီယာပြည်နယ် ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ကားမောင်းသူရဲ့ နိုင်ငံခြားသားကို မနှစ်သက်တဲ့အမြင်နဲ့ ပတ်သက်ပြီး တိုက်ခိုက်မှုအပေါ် သံသယရှိကြောင်း ရဲနဲ့ အစိုးရရှေ့နေတွေက အစောပိုင်းမှာ ပြောပါတယ်။ ကနဦး သတင်းအချက်အလက်တွေအရ အဲဒီအမျိုးသားဟာ စိတ်ကျန်းမာရေး မကောင်းသူလို့လည်း သူတို့က ပြောပါတယ်။ ကားနဲ့တိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ဆီးရီးယားနဲ့ အာဖဂန်နိုင်ငံသားတွေ ပါတယ်လို့ ရဲပြောခွင့်ရက ပြောပါတယ်။ ဒဏ်ရာရသူ လေးဦးထဲက တဦးဟာ ဆေးရုံမှာ တင်ထားရဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up