ရိုးရာလက်ဝှေ့လောကသားများ၏ ဘဝအကြောင်း ရေးထားသည့် စာအုပ် မိတ်ဆက်ပွဲကျင်းပ (ဓာတ်ပုံ)






2.1K
ရိုးရာလက်ဝှေ့လောကသားတွေရဲ့ ဘဝအကြောင်းကို ရေးသားထားတဲ့ "တကယ့်လူကြမ်းကြီးတွေတော့ မဟုတ်ရပါဘူးကွယ်” ဆောင်းပါးပေါင်းချုပ် စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ စီးတီးစတားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီစာအုပ်ထဲမှာ အားကစားဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ လက်ဝှေ့ကစားသမားတွေရဲ့ ဘဝနဲ့ သူတို့အကြောင်း ဆောင်းပါး ၃၆ ပုဒ်ပါဝင်ပြီး ရိုးရာလက်ဝှေ့လောကမှာ နှစ် ၂၀ ကြာ ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တဲ့ ဆရာ အော်စကာက ရေးသားထားတာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ လက်ဝှေ့ပွဲ စီစဉ်သူတွေဖြစ်တဲ့ WLC က ဦးဇေသီဟနဲ့ GTG က ဦးစိုးမင်းတို့ရဲ့ အမှာစာတွေလည်း ပါဝင်ပါတယ်။
ဝမ်ချိုင်း၊ ရွှေဝါထွန်း၊ ရှမ်းလေးသွေးတို့လို လက်ဝှေ့ကစားသမားတွေ အပါအဝင် လုံးချော၊ စောငမန်း၊ ထွန်းထွန်းမင်း၊ စိုးလင်းဦး စတဲ့ လက်ဝှေ့ကစားသမားတွေရဲ့ အကြောင်းတွေလည်း ပါဝင်ပါတယ်။
စာအုပ်တန်ဖိုးကို ၃၅၀၀ ကျပ် သတ်မှတ်ထားပြီး ရာပြည့်၊ အင်းဝနဲ့ စာပေလောက စာအုပ်ဆိုင်တွေမှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်