နယ်သာလန်တွင် နှစ်ကူးအကြိုည မီးပုံပွဲကြောင့် ကမ်းခြေတလွှား မီးလောင်

1.2K
နယ်သာလန်နိုင်ငံ စခေးဗနင်ဂံမြို့က ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမှာ နှစ်သစ်ကူး အကြိုည မီးပုံပွဲ ပြိုင်ပွဲကနေ မထိန်းနိုင်ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့က ကမ်းခြေတလွှား မီးလောင်ခဲ့ပါတယ်။
အခင်းဖြစ်ရာနေရာကို အရေးပေါ်ဌာနတွေ ရောက်လာခဲ့ပြီး ရိပ်သာလမ်းကို ရှင်းလင်းခဲ့တယ်လို့ မြို့ခံရဲတွေက တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။
လေတိုက်နှုန်းနဲ့ ကုန်းတွင်းပိုင်းကို လေကြောင်းသင့်ခဲ့လို့ မီးပုံပွဲကနေ မီးတွေ အကြီးအကျယ် ထတောက်ခဲ့ပြီး ဒေသတွင်း တခြားနေရာတွေကိုပါ မီးလောင်ခဲ့တာလို့ မီးသတ်သမား တယောက်က ပြောပါတယ်။
ဟော်လန်တောင်ပိုင်းက အိမ်နီးချင်း ဒူအင်ဒေါ့ခရိုင်နဲ့ မီးပုံပွဲပြိုင်တာဟာ နှစ်စဉ် အစဉ်အလာအရ ကျင်းပတဲ့ပွဲလည်း ဖြစ်ပါတယ်။