A d v e r t i s e m e n t With Us

အယ်လ်ကိုင်ဒါးခေါင်းဆောင်တဦး ယီမင်တွင် သေဆုံး

အာရေဗျကျွန်းဆွယ်က အယ်လ်ကိုင်းဒါး အကြမ်းအဖက်အဖွဲ့ရဲ့ ဒုခေါင်းဆောင် Said al-Shehri ဆာအစ်အယ်လ် ရှီဟရီဟာ စစ်ဆင်ရေးတခုအတွင်း သေဆုံးသွားပြီ လို့  ယီမင် အစိုးရက ကြေညာလိုက်ပါတယ်။ ရှီဟရီဟာ ယီမင်နိုင်ငံ အရှေ့ပိုင်း ဟာဒရာမောင့်မှာ ယီမင်စစ်တပ်ရဲ့ စစ်ဆင် ရေးတခုအတွင်း တခြားစစ်သွေးကြွ ၆ ဦးနဲ့ အတူ   သေဆုံးသွားခဲ့တာလို့  ယီမင် ကာကွယ်ရေးဌာနက  အင်တာနက်စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။ ဒါပေမယ့် ယီမင် လုံခြုံရေးတာဝန်ရှိသူတဦးကတော့ ရှီဟရီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က  ယီမင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့်ထက် အမေရိကန် လေကြောင်း တိုက်ခိုက်မှုမှာ သေဆုံးသွားတာလို့ ပြောပါတယ်။ ရှီဟရီဟာ ဆော်ဒီနိုင်ငံသားဖြစ်ပြီး ၂၀၀၇ ခုနှစ်က ဂွာတာနာမို အကျဉ်းစခန်းကနေ ပြန်လွတ်လာသူ ဖြစ်ပါတယ်။ သူရဲ့ အဖွဲ့ဟာ လေကြောင်းလိုင်းတွေ အပါအ၀င် နိုင်ငံတကာပစ်မှတ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်ဆိုပြီး အမေရိကန်က စွပ်စွဲထားတာပါ။ အယ်လ်ကိုင်ဒါးအဖွဲ့ထဲမှာ အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်တဦး အဖြစ် သတ်မှတ်ခံထားသူဖြစ်ပြီး ၂၀၀၈ ခုနှစ်က အမေရိကန်သံရုံးတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီးလည်း ယီမင်အစိုးရက သူ့ကို အလိုရှိနေတာပါ။

A d v e r t i s e m e n t With Us

More News
Up