Homeအနုပညာ
ဖြူဖြူကျော်သိန်းနှင့် အမေရိကန်အဆိုတော် Lancifer သီဆိုထားသည့် သီချင်းသစ်-ပေါင်းကူး (ရုပ်သံ)
ဖြူဖြူကျော်သိန်းနှင့် အမေရိကန်အဆိုတော် Lancifer သီဆိုထားသည့် သီချင်းသစ်-ပေါင်းကူး (ရုပ်သံ)
DVB
·
January 1, 2019
မြန်မာနာမည်ကြီးအမျိုးသမီး အဆိုတော်တဦးတဲ့ ဖြူဖြူကျော်သိန်းနဲ့ အမေရိကန် အဆို တော် Lancifer တို့ ပူးတွဲသီဆိုထားတဲ့ ပေါင်းကူး(Bridges) အမည်ရတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။
ဒီသီချင်းကိုတော့ ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ် ၂၀၁၉ နှစ်သစ်လက်ဆောင်အနေနဲ့ မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
သီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖြူဖြူကျော်သိန်းရဲ့ ဟန်အတိုင်း မြူးကြွသွက်လက် သီဆိုသရုပ်ပြတင်ဆက်မှုတွေနဲ့အတူ အင်္ဂလိပ်လိုရော မြန်မာလိုပါ မယ်လိုဒီရော၊ ရက်ပ်တွေပါ ပါဝင်တဲ့ သီချင်းစာသားတွေနဲ့ သီဆိုမှုတွေကို ပရိသတ်တွေက ရှုစားကြရ မှာပါ။
ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “ နှစ်ဟောင်းနဲ့ နှစ်သစ်ပေါင်းကူး၊ စနစ်ဟောင်း စနစ်သစ်ပေါင်းကူး၊မတူညီသော ယဉ်ကျေးမှုများရဲ့ ပေါင်းကူး၊ လူဟောင်း လူသစ်များရဲ့ ပေါင်းကူး၊ အတွေးဟောင်း အတွေးသစ်များရဲ့ ပေါင်းကူး၊ ငြိမ်းချမ်းစွာ ကူးပြောင်းပါစေကြောင်း၊ ဖြူဖြူနဲ့ STORM အဖွဲ့သားများမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ Bridges ကို ကြည့်ရှု၊ အားပေး၊ ရှယ်ယူသူများအားလုံး၊ ၂၀၁၉ နှစ်သစ်သို့ အောင်ခြင်းအဖြာဖြာဖြင့် ပေါင်းကူး ရောက်ရှိနိုင်ကြပါစေသော်”လို့ ရေးထားပါတယ်။
သူတို့နှစ်ယောက်ဟာ အရင်ကလည်း “Miracle - အံ့သြဖွယ်” အမည်ရတဲ့ သီချင်း အမ်တီဗွီတပုဒ် အတူသီဆိုဖူးခဲ့ကြပြီး အဲဒီသီချင်းဟာလည်း ပရိသတ်တွေကြားမှာ ရေ ပန်းစားခဲ့ပါသေးတယ်။