မန်ယူအသင်း ရာသီအကုန်၌ ထိပ်ဆုံး၎သင်းတွင် ပါဝင်နိုင်ဟု သုံးသပ်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရာသီအကုန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးအဆင့်လေး အတွင်းဝင်လိမ့်မယ်လို့ အင်္ဂလန် ကစားသမားဟောင်း ဂျေမီရက်ဒ်နက်က သုံးသပ် ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အပြီးမှာ မန်ယူအသင်းက လက်ရှိ အဆင့်လေးနေရာက ချဲလ်ဆီးနဲ့ ၈မှတ်အထိကွာဟနေတာပါ။ အဆင့်လေး နေရာအတွက် ချဲလ်ဆီးအသင်းက ရေပန်းစားနေပေမယ့် မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းအရ အဆင့် ၄ အတွင်းဝင်လိမ့်မယ်လို့ ဂျေမီရက်ဒ်နက်က သုံးသပ်ခဲ့ပါတယ်။ လက်ရှိမန်ယူအသင်းရဲ့ ခြေစွမ်းဟာ အကောင်းဆုံးဖြစ်နေတာကြောင့် ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့အတွက် ထိတ်လန့်စရာဖြစ်နေလိမ့်မယ်လို့လည်း လီဗာပူး၊ ဆောက်သမ်တန်နဲ့  စပါးအသင်းတွေမှာကစားခဲ့ဖူးတဲ့ ဂျေမီရက်ဒ်နက်က ဆိုပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ချဲလ်ဆီးအသင်းက ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၄၊ အာဆင်နယ်က ရမှတ် ၃၈မှတ်နဲ့ အဆင့် ၅၊ မန်ယူက ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၆ နေရာတွေမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up