ပီအက်စ်ဂျီကွင်းလယ်လူ ရက်ဘီးယော့ကို ခေါ်ယူရန် ဘာစီလိုနာနှင့် သဘောတူညီမှုမရသေး

ပီအက်စ်ဂျီကွင်းလယ်လူ ရက်ဘီးယော့ကို ခေါ်ယူဖို့ ဆွေးနွေးနေတာမှန်ပေမယ့် သဘောတူညီမှု မရသေးဘူးလို့ ဘာစီလိုနာအသင်းက အတည်ပြုပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ရက်ဘီးယော့ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ စည်းမျဉ်းတွေကို ချိုးဖောက်လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲမှုတွေလည်း ရှိနေတာပါ။ ဘာစီလိုနာအသင်းအနေနဲ့ ကစားသမားခေါ်ယူရာမှာ ပီအက်စ်ဂျီအသင်းနဲ့သာမက ဘယ် အသင်းနဲ့မဆို တရားဝင်နည်းလမ်းနဲ့သာ လုပ်ဆောင်နေတယ်လို့ ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ပါတယ်။ အသက် ၂၃နှစ်ရှိ ပြင်သစ်ကွင်းလယ်လူ ရက်ဘီးယော့ဟာ လာမယ့်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ဇန်န၀ါရီ ၁ ရက်ကစပြီး တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ဇန်န၀ါရီ ၁ ရက်ကစပြီး ရက်ဘီးယော့နဲ့ တရားဝင်ဆွေးနွေးဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up