တပ်မတော်က ပြည်သူအားလုံးနှင့်လက်တွဲသွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော
DVB
·
January 1, 2019
တပ်မတော်အနေနဲ့ မိဘပြည်သူတွေ အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားလိုက်ပါတယ်။
“လူသားအားလုံးဟာ မိမိဘ၀တိုးတက်ဖို့အတွက် လုပ်ကိုင်စားသောက်ဖို့ လိုအပ်ကြသလို အားလုံးဟာလည်း အေးအေးချမ်းချမ်းနဲ့နေထိုင်လိုတဲ့ ဆန္ဒရှိကြပါတယ်၊ ဒီလူသားအားလုံးရဲ့ ဆန္ဒပြည့်စုံစေဖို့အတွက် ကျနော်တို့ တပ်မတော်အနေနဲ့ မိဘပြည်သူများ အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားကြမှာ ဖြစ်ကြောင်း ကျနော်ပြောကြားလိုပါတယ်၊”
မိဘပြည်တွေ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြစေဖို့နဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး ၂၀၁၉ ခုနှစ် နှစ်သစ်အခါ သမယမှာ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေလို့လည်း ကာကွယ်ရေးဦးစီးချုပ်က နှစ်သစ်ကူး ဆုတောင်း ပေးလိုက်ပါတယ်။
ဓာတ်ပုံ- CINCDS