တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်သ၀ဏ်လွှာပေးပို့
DVB
·
January 1, 2019
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံ နှစ်သစ်ကူး ဆုတောင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။
နှစ်သစ်ကူးသ၀ဏ်လွှာကို ချစ်ကြည်ရင်းနှီးစွာပေးပို့ လိုက်တဲ့အကြောင်းနဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီထံပေးပို့တဲ့ သ၀ဏ်လွှာမှာ ဆုတောင်းပေးထားပါတယ်။
အလားတူ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီကလည်း ဒေါ်အောင်ဆန်းစုကြည်ထံ နှစ်သစ်ကူးသ၀ဏ်လွှာ ပြည်လည်ပေးပို့ထားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့ တိုးတက် အောင် ရှေ့ဆက်လုပ်နိုင်ဖို့ ဆုတောင်းပေးထားပါတယ်။