Home
မြန်မာသတင်း
‘သမီးကလေးရဲ့ရွာ’ သက်ငယ်မုဒိန်းပညာပေးရုပ်ရှင်- (နမူနာ)
DVB
·
December 31, 2018
သက်ငယ်မုဒိန်းပညာပေးရုပ်ရှင်ကားတကားဖြစ်တဲ့ သမီးကလေးရဲ့ ရွာ ရုပ်ရှင်ကားကို လာ မယ့် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကို ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားကာ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ကျေးလက်နောက်ခံ ၅၂၈ မေတ္တာဘွဲ့ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို သက်ငယ်မုဒိန်း ပညာပေး ရုပ်ရှင် အဖြစ် ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကျေးရွာအလှ၊ ကျေးလက်သဘာဝတွေနဲ့အတူ တူမဖြစ်သူကို သမီးရင်းလိုပဲ ချစ်တဲ့ ဘကြီးတယောက်ရဲ့ ချစ်ခြင်းမေတ္တာတရား၊ မဖွံ့ဖြိုးသေးတဲ့ ကျေး ရွာလေးအတွက် ဘ၀ကို မြှုပ်နှံခဲ့တဲ့ ကျောင်းဆရာမလေးတယောက်ရဲ့ ချီးကျူးဖွယ် စိတ် ဓာတ်နဲ့အတူ အမှတ်မထင် စိတ်အလိုလိုက် ဖောက်ပြန်မှားယွင်းမှုတခုကြောင့် ဖြစ်လာခဲ့တဲ့ ပျက်ဆီးဆုံးရှုံးရတဲ့ အကျိုးဆက်တွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ ခန့်စည်သူ၊ ထွန်းကိုကို၊ ရွှေမှုံရတီ၊ သွန်းဆက်၊ ဘေဘီမောင်နဲ့ ကလေးသရုပ်ဆောင် ချစ်စနိုးတို့ က အဓိကခေါင်းဆောင်ပါဝင်ထားကြပါတယ်။ သမီးကလေးရဲ့ရွာ ရုပ်ရှင်ကားအထူးပွဲကိုတော့ ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024