ချဲလ်ဆီးက အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ်ကို ၁ ဂိုးဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံ)

896
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ်ကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ချဲလ်ဆီးကအဝေးကွင်း ဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့် ၄ ကြိမ်အထိရခဲ့ပါတယ်။ ခရစ်စတယ်ပဲလေ့စ်ကတော့ ထိထိရောက်ရောက် ဂိုးပေါက် ကန်သွင်းခွင့် မရခဲ့ပါဘူး။
ချဲလ်ဆီးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၅၁ မိနစ်မှာ ကန်တေက သွင်းယူပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြ ကစားနိုင်တဲ့ ကွင်းလယ်သမား ကန်တေက အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
ဒီပွဲနိုင်လို့ ချဲလ်ဆီးဟာ ၄၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ခရစ်စတယ်ပဲလေ့စ်က ၁၉ မှတ်နဲ့ အဆင့် ၁၄ ကို လျောကျသွားပါတယ်။