နှစ်နိုင်ငံ သံရုံးဝန်ထမ်းများ ပြန်ထားရေး ရုရှားနှင့်ဗြိတိန် သဘောတူ

Russia flag with Great Britain flag, 3D rendering
ရုရှားနဲ့ ဗြိတိန်အစိုးရတွေဟာ သူတို့ရဲ့ သံရုံးအသီးသီးမှာ ဝန်ထမ်းတချို့ ပြန်ထားရေး သဘောတူလိုက်ကြတယ်လို့ ရုရှားသံရုံးက  ဒီဇင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။ ဒီနှစ်အစောပိုင်းမှာ ၂ နိုင်ငံစလုံးက ဒါဇင်နဲ့ချီတဲ့ သံတမန်တွေကို အပြိုင်အဆိုင် နှင်ထုတ်ခဲ့ကြတာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံခြားရေးရုံးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွေဆီက မှတ်ချက်တွေ ချက်ချင်းမရသေးပါဘူး။ “မော်စကိုနဲ့ လန်ဒန်မှာ ဇန်နဝါရီအတွင်း သံရုံးဝန်ထမ်းတွေကို ပြန်စထားဖို့ ကျနော်တို့ ယေဘူယျအားဖြင့် သဘောတူညီချက် ရထားတယ်” လို့ ဗြိတိန်ဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး ယာကိုဗန်ကိုကို ကိုးကားပြီး တက်စ် သတင်းဌာနမှာ ဖော်ပြပါတယ်။ “ဝန်ထမ်းအားလုံး ဘာဖြစ်လာမလဲဆိုတာ မသေချာပေမယ့် အနည်းဆုံး တဝက်လောက်တော့ ပြန်နေရာချခံရမယ်” လို့ သူက ရုပ်သံ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။ သံရုံးပြောခွင့်ရကလည်း ဒီမှတ်ချက်ကို အတည်ပြုပါတယ်။ ဗြိတိန်မှာ ခိုလှုံနေတဲ့ သူလျှိုဟောင်း ဆာဂီ စခရစ်ပယ်နဲ့ သမီးကို အာရုံကြောအဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်မှုအတွက် စွပ်စွဲပြီး ဗြိတိန်အစိုးရဟာ ရုရှားသံတမန် ၂၃ ယောက်ကို ဗြိတိန်ကနေ နှင်ထုတ်ခဲ့ပါတယ်။ ရုရှားအစိုးရကတော့ အဆိပ်ခတ်ရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုပြီး လက်တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်က ပြန်လွှတ်တဲ့ သံရုံးဝန်ထမ်းအရေအတွက်အတိုင်း ဗြိတိန်သံရုံး ဝန်ထမ်းတွေကို အိမ်ပြန်ပို့ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up