ပင်နယ်တီကို လွဲအောင်ကန်ခဲ့တဲ့ ဖူလ်ဟမ်တိုက်စစ်မှူး ကာမာရာကို သတ်တောင်သတ်ပစ်ချင်တယ်လို့ နည်းပြ ရေးနီယာရီက ဒေါသတကြီး ပြောကြားလိုက်ပါတယ်။
ဟက်ဒါဖီးလ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းဟာ ပွဲကစားချိန် ၈၂ မိနစ်မှာ ပင်နယ်တီ ရရှိခဲ့တာကို ကာမာရာက ကန်ခဲ့တာဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်း ပင်နယ်တီရရှိချိန်တိုင်း ကန်သွင်းဖို့ တာဝန်ယူထားတာကတော့ တိုက်စစ်မှူး မီထရိုဗစ်ဖြစ်ပေမယ့် ကာမာရာက လေးစားမှုမရှိဘဲ ကန်ခဲ့တာလို့ ရေးနီယာရီက ပြောပါတယ်။
ပင်နယ်တီ မကန်ခင်မှာလည်း မီထရိုဗစ်နဲ့ အချင်းများခဲ့ပြီး လွဲချော်ခဲ့ချိန်မှာလည်း ကာမာရာအနေနဲ့ လက်ညှိုးထိုး အပြစ်တင်ခံခဲ့ရပါတယ်။
ကာမာရာအတွက် ကံကောင်းသွားတာကတော့ နာကျင်အချိန်ပိုမှာ မီထရိုဗစ်သွင်းယူခဲ့တဲ့ အနိုင်ဂိုးကြောင့်ဖြစ်ပြီး သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့မယ်ဆိုရင် ကာမာရာအနေနဲ့ အခုထက်ပိုပြီး ဝေဖန်ခံရမယ့် အခြေအနေဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး နောက်တန်းပြဿနာ ရှိခဲ့ပြီးတော့ အခုနိုင်ပွဲဟာ ပွဲ ၂၀ ကစားပြီးချိန် ၃ ပွဲမြောက်နိုင်ပွဲလည်း ဖြစ်ပါတယ်။