Home
မြန်မာသတင်း
သင်္ဃန်းကျွန်းတွင် ထိုင်ဝမ်နိုင်ငံသားတဦးအား ထိုးကြိတ်၍ ငွေနှင့်ဖုန်း လုယက်
DVB
·
December 30, 2018
သင်္ဃန်းကျွန်းမြို့နယ်မှာ ထိုင်ဝမ်နိုင်ငံသားတဦးအား ထိုးကြိတ်ပြီ ငွေနဲ့ လက်ကိုင်ဖုန်း လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်နေ ထိုင်ဝမ်နိုင်ငံသား Mr. Wang Liang Chuan (ခ) ဦးအောင်မင်း (၅၉) နှစ်ဟာ နေအိမ်မှာ ရှိနေစဉ် ခင်မင်ရင်းနှီးသူ သန့်ဇင်ဦး (၂၆) နှစ်ပါ၂ ဦး ရောက်ရှိလာပြီး ဝိုင်းဝန်းထိုးကြိတ်ကာ ငွေကျပ် ၂၀ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဝိုင်းဝန်း ထိုးကြိတ်မှုကြောင့် ဦးအောင်မင်းမှာ ဝဲမျက်ခုံး၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ကျောကုန်း၊ ဝဲပေါင်ဖူးရောင် နာကျင်ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။ သန့်ဇင်ဦးပါ ၂ ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/ ၃၂၅/ ၁၁၄ (ခြောက်လှန့်တောင်းယူမှု၊ မိမိအလိုအလျောက် ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှု) နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024