Home
မြန်မာသတင်း
မြိတ်စီးပွားရေးလုပ်ငန်းရှင်များ တိုက်ခိုက်ခံနေရ၊ ဥပဒေနှင့်မညီသည့်လုပ်ငန်း ခွင့်မပြုဟု ၀န်ကြီးချုပ်ပြော
DVB
·
December 30, 2018
စီးပွားရေးလုပ်ငန်းတွေပေါများတဲ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်ခိုက်မှုတွေ များနေပြီး ဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ တနင်္သာရီတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က မြိတ်မြို့က လူထုတွေ့ဆုံပွဲမှာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က အခုလ ပြောကြားခဲ့တာပါ။ “မြိတ်ဒေသဟာ စီးပွားရေးလုပ်ငန်းတွေ အင်မတန်ပေါပြီး စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း တိုက်ခိုက်မှုတွေလည်းများကြပါတယ်။ စီးပွားရေးရှင်တွေကို တိုက်ခိုက်တယ်ဆိုတာ ကောင်းတော့ကောင်းပါတယ်။ တဖက်က ပြန်ကြည့်ရင်လည်း မကောင်းပါဘူး။ ကျမတို့ ဥပဒေတိုင်းသွားနေတဲ့အချိန်မှာ ကောလာဟလ ပြောစကားကို ပြည်သူတွေ မယုံကြဖို့နဲ့ ကျမတို့အစိုးရက ဥပဒေအတိုင်းသွားမှာဖြစ်ပြီး ဥပဒေနဲ့ မညီတဲ့ ဘယ်လုပ်ငန်းမဆို လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်ဘူး။” တနင်္သာရီတိုင်းဒေသကြီးအစိုးရက လုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုမိန့်ချထားပေးခဲ့တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ချိတဲ့ ကုမ္ပဏီနဲ့ ထားဝယ်လေဆိပ်ချုံရှင်းဖို့ ခွင့်ပြုပေးခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုအပေါ်မှာလည်း ဒေသတွင်းပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ထားဝယ်ခရိုင်ကို လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးနေတဲ့ Global Grand Services (GGS) ကုမ္ပဏီအနေနဲ့ နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်ရှိနေတဲ့ သဘာဝဓာတ်ငွေ့ဖိုး ၈ ဘီလီယံကျော်ကိစ္စနဲ့ ပတ်သက်ပြီး လူထုရဲ့ဝေဖန်မှုတွေ့ကြုံနေရသလို ထားဝယ်လေယာဉ်ကွင်း ချုံရှင်းဖို့အတွက် F22 Sunny Construction ကုမ္ပဏီကို တင်ဒါခေါ်ယူခြင်းမပြုဘဲ ချုံရှင်းခ သိန်းလေးထောင် သုံးစွဲခဲ့တဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဓာတ်ပုံ- အောင်ကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024