စပါးအသင်းက အိမ်ကွင်းတွင် ၀ုဗာဟမ်တန်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ စပါးအသင်းက ၀ုဗာဟမ်တန်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ အမှတ်ပေးဇယား ဒုတိယနေရာက စပါးအသင်းဟာ အိမ်ကွင်းမှာ ဦးဆောင်ဂိုး အရင်သွင်းယူပြီးမှ ချေပဂိုးတွေ ခွင့်ပြုခဲ့ရပြီး ၃-၁ ဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။ ဒီပွဲမှာ အိမ်ရှင် စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ ဧည့်သည်အသင်းက အခွင့်အရေး ပိုမိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဟယ်ရီကိန်းက ပွဲချိန် ၂၂ မိနစ်မှာ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဧည့်သည်ဝုဗာဟမ်တန်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း ပွဲချိန် ၇၂ ၊ ၈၃ နဲ့ ၈၇ မိနစ်တွေမှာ ဟိုလီ၊ ရောလ်နဲ့ ဟဲလ်ဒါတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။ စပါးအသင်းဟာ ဒီပွဲအရှုံးကြောင့် ပွဲ ၂၀ ကစား ရမှတ် ၄၅ အမှတ်ပေးဇယား ပထမနေရာက လီဗာပူးနဲ့ ၉ မှတ်ပြတ်သွားပြီဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ မနေ့က အာဆင်နယ်အသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ၀ုဗာဟမ်တန်အသင်းကတော့ အမှတ်ပေးဇယားမှာ ပွဲ ၂၀ ကစား ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ဘရိုက်တန် ၁-၀ အဲဗာတန်၊ ဖူဟမ် ၁-၀ ဟက်ဒါဖီးလ်၊ လက်စတာ ၀-၁ ကာဒစ်ဖ်၊ ၀က်ဖို့ဒ် ၁-၁ နယူးကာဆယ် စတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up