Home
မြန်မာသတင်း
ကလေးမြို့ သူနာပြုသာဖွားသင်တန်းကျောင်းတွင် အာဆီယံအဆင့်မီပညာရေး တိုးမြှင့်သင်မည်
DVB
·
December 29, 2018
၂၀၁၈ - ၁၉ ပညာသင်နှစ်ကစတင်ပြီး ကလေးမြို့ သူနာပြုသာဖွားသင်တန်းကျောင်းမှာ အာဆီယံအဆင့်မီပညာရေး တိုးမြှင့်သင်ကြားတော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းတွေမှာ အာဆီယံပညာရေးအဆင့်မီ သင်ရိုးတွေနဲ့ သင်ကြားတော့မယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့က ဒုတိယအကြိမ် ကလေးမြို့ သူနာပြုသာဖွားသင်တန်းကျောင်း ဒီပလိုမာ အောင်လက်မှတ်ပေးပွဲ အခမ်းအနားမှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဌေးက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအနနဲ့ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်း ၂ ကျောင်းရှိပြီး မုံရွာနဲ့ ကလေးမြို့မှာ ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းတွေမှာ ကျန်းမာရေး လိုအပ်ချက်အရ သင်တန်းသား သင်တန်းသူတွေကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္ ဆိုတဲ့ ဘာသာရပ်သုံးခု အမှတ်တွေကို စိစစ်ခေါ်ယူတာဖြစ်ပြီး အထူးပညာသင်ခွင့်တွေကိုလည်း လက်ခံသင်ကြားပေးနေတယ်လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။ ကလေးမြို့ သူနာပြုနဲ့သားဖွားသင်တန်းကျောင်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနေ့ထိ သူနာပြု ၂၆၃ ဦးနဲ့ သားဖွား ၅၆ ဦးတို့ သင်ကြားနေတယ်လို့ သိရပါတယ်။ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းအနေနဲ့ တက်ရောက်သင်တန်းသားတွေကို သင်တန်းကာလ နေစရာပေးနေတဲ့အပြင် လစဉ် ကျပ်သုံးသောင်းကို အစိုးရက ထောက်ပံ့ပေးထားပါတယ်။ ကလေးမြို့ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းမှာ ပညာသင်နှစ် ၂ နှစ်အတွင်း သူနာပြု ၇၇ ဦးနဲ့ သားဖွား ၅၂ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024