Home
မြန်မာသတင်း
New year ည ​ချောက်​မြို့တွင် အရေးပေါ်လူနာတင်ယာဉ်များ အသင့်အနေအထားဖြင့် ဆောင်ရွက်မည်
DVB
·
December 29, 2018
မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့မှာ New year ညကို အ​ရေး​ပေါ်လူနာတင်ယာဉ်​တွေ အသင့်အ​နေအထားနဲ့ ​နေရာဖြန့်​ ​ဆောင်​ရွက်​သွားမယ်လို့ မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့ မ​နောဖြူ လူမှု ကူညီ​ရေးအသင်းက ပြောပါတယ်။ မ​နောဖြူလူမှုကူညီ​ရေးအသင်း အတွင်း​ရေးမှူး ဦးမျိုးဝင်းက “အဲဒီညမှာ ​ချောက်​မြို့ရဲ့ ​နေရာသုံးခု အ​နော်​ရထာ တံတားထိပ်​ ဗိုလ်​ချုပ်​ပန်းခြံမှာ ၁ ​စီး၊ သခင်​ဘိုးလှကြီး​ ကြေးရုပ်​ ​မေ​ဒေး​ကျောက်​တိုင်​မှာ ၁ ​စီးနဲ့ ​အေး​စေတီဘုရား​ခြေ​တော်​ရင်း မ​နောဖြူ အသင်းရုံးမှာ ၁ ​စီး အ​ရေး​ပေါ်လူနာတင်​ယာဉ်​ ၃ စီး၊ လူအင်​အား ၂၀ နဲ့ အသင့်​စောင့်ပြီး ကူညီ​ပေးသွားမယ်​” လို့ ​ပြောပါတယ်​။ ​    ချောက်​မြို့နယ်​ မြို့မရဲစခန်းကလည်း New year ညမှာ ခိုက်​ရန်​ဖြစ်​ပွားမှု၊ ထိခိုက်​မှု မရှိ​စေ​ရေးအတွက်​ လှည့်ကင်း အင်​အားကို သာမန်​ထက်​ နှစ်​ဆ တိုးမြှင့်ဆောင်​ရွက်​သွားမယ်လို့ စခန်းတာဝန်​ရှိသူက ​ပြောပါတယ်​။ နှစ်​သစ်​ကူးညကနေ ဇန်​နဝါရီ ၄ ရက်​ လွတ်​လပ်​​ရေး​နေ့အထိ လုံခြုံ​ရေး ကျိုး​ပေါက်​မှု မရှိ​စေဖို့​ မြို့နယ်​ရဲတပ်​ဖွဲ့နဲ့ ရပ်​ကွက်​​ကျေးရွာ ဥက္ကဋ္ဌတွေကို အထူးသတိပြု​ဆောင်​ရွက်​ဖို့ ​ချောက်​မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးက မှာကြားထား​တယ်​လို့ သိရပါတယ်​။ New year ညကို အနယ်​နယ်​အရပ်​ရပ်​မှာ ​ပျော်​ပွဲရွင်​ပွဲတွေ၊ အစုအဖွဲ့တွေဖွဲ့ပြီး နှစ်​စဉ်​လိုလို ဆင်​နွှဲကြတာပါ။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024