ရွှေ့ပြောင်းဒုက္ခသည် ၃၀၈ ကျော်ကို ကယ်လာသည့် စေတနာသင်္ဘောကြီး စပိန်ကို ရောက်ရှိ

NGO Proactiva Open Arms' rescue boat is seen docked with migrants rescued in central Mediterranean Sea, at the Center for Temporary Assistance to Foreigners (CATE) in the port of Algeciras, in Campamento, Spain December 28, 2018. REUTERS/Jon Nazca
ရွှေ့ပြောင်းဒုက္ခသည် ၃၀၈ ယောက်ကို ကယ်တင်လာတဲ့ စေတနာသင်္ဘောကြီး Open Arms ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က စပိန်နိုင်ငံတောင်ပိုင်းက အလ်ဂျီစီရာ့စ် ဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဒီဇင်ဘာ ၂၁ ရက်က လစ်ဗျားကမ်းလွန် မြေထဲပင်လယ်မှာ ကယ်ဆယ်ခဲ့တာပါ။ ကယ်ဆယ်ရေးသင်္ဘောကြီးဟာ မြေထဲပင်လယ်ထဲ မိုင် ၂ ထောင်ကျော် သွားခဲ့ပြီးနောက်မှာ ဆိုက်ကပ်ခဲ့တာပါ။ ရွှေ့ပြောင်းခရီးသည်တွေရဲ့ ကျန်းမာရေးစစ်ဆေးဖို့ ကြက်ခြေနီဝန်ထမ်းတွေကလည်း ဆိပ်ကမ်းမှာ စောင့်ကြိုနေပါတယ်။ သူတို့ကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရဲတွေက စစ်ဆေးဦးမှာဖြစ်ပြီး၊ စပိန်နိုင်ငံမှာ နေထိုင်ဖို့ သူတို့လျှောက်လွှာတွေကိုလည်း တဦးချင်းရဲ့ အကြောင်းအရာအလိုက် ဆန်းစစ် အကဲဖြတ်မှာဖြစ်ပါတယ်။ ဒီကူညီရေးသင်္ဘောကြီးကို မော်လ်တာနိုင်ငံနဲ့ အီတလီနိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံ အတော်များများက ဝင်ရောက်ခွင့်  ငြင်းပယ်ထားပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က မိခင်တဦးနဲ့ သူ့ရဲ့မွေးကင်းစ ကလေးငယ်ကို ကျန်းမာရေးစောင့်ရှောက်မှုရဖို့ မော်လ်တာနိုင်ငံကို ရဟတ်ယာဉ်နဲ့ ခေါ်သွားတာတောင်မှ ပြည်ဝင်ခွင့် မရခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up